ဦးနှောက်နဲ့ အမြှေးပါးကြား သွေးယိုခြင်း
ဦးနှောက်နဲ့ အမြှေးပါးကြား သွေးယိုခြင်းဆိုတာဟာ ဦးနှောက်ကို အပေါ်ကနေဖုံးအုပ်ပေးထားတဲ့ အမြှေးပါး နဲ့ ဦးနှောက်အသားကြားတဲ့ကနေရာ (Subarachnoid Space) မှာ သွေးယိုနေခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ သွေးများစုဝေးယိုစိမ့်နေခြင်းဟာ ပုံမမှန်တဲ့ဦးနှောက်သွေးကြောထုံး ပေါက်ထွက်ခြင်း၊ ဦးနှောက်ထိခိုက်ဒဏ်ရာ၊ ဦးနှောက်သွေးကြောများ ရှုပ်ထွေးရစ်ပတ်နေခြင်း အစရှိတဲ့ ဦးနှောက်ဆိုင်ရာ သွေးကြောပြသာနာတွေကြောင့် ဖြစ်ပါတယ်။
- ဆေးလိပ်၊ အရက်
- သွေးပေါင်တက်ခြင်း၊ သွေးထွက်တတ်သော ရောဂါများ
- ဦးနှောက်သွေးကြော ဖောင်းခြင်း
- သွေးဆုံးပြီးသော အမျိုးသမီးများ (အသက် ၄၅နှစ်အထက်) တိုဖြစ်ပါတယ်။
- ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း ( တစ်သက်မှာ အဆိုးဝါးဆုံး ခေါင်းကိုက်ခြင်း)
- မူးဝေပျို့အန်ခြင်း
- သတိလစ်ခြင်း
- ဇက်ခိုင်ခြင်း
- အလင်းကြောက်ခြင်း တို့ဖြစ်ပါတယ်။
- အကိုက်အခဲပျောက်ဆေးအပြင်းစားများ သွင်းရခြင်း
- အိပ်ရာထဲ၌သာ နားနေရခြင်း
- ဝမ်းပျော့ဆေးများ သောက်ရခြင်း (ဝမ်းညှစ်ခြင်းဖြင့် ဦးနှောက်ဖိအားတက်နိုင်သောကြောင့် သွေးကြောထပ်ပေါက်မည်ကို ရှောင်ရှားဖို့အတွက် ဖြစ်ပါတယ်)
- သွေးပေါင်ကျဆေးများ သောက်သုံးရခြင်း
- ဦးနှောက်ရှိ ဖောင်းနေသောသွေးကြောအရင်းကို Metal Clip နဲ့ ညှပ်ကာ သွေးရပ်တန့်စေခြင်းဖြင့် သွေးကြောဖောင်းကို ဖြတ်ခြင်း၊ သွေးကြောဖောင်းအတွင်း Platinum Coil ထည့်ကာ သွေးဖြတ်တောက်ပစ်ခြင်း အစရှိသော အဆင့်မြင့်အနုစိတ်ခွဲစိတ်ကုသခြင်းများ